Agriculture Sector

MAGri building the good agriculture practices back better to create more productive, safe and sustainable agriculture. Good agriculture practices are vital role to reduce harmful of the health of the farmers and consumers, and reduce environmental and soil degradation. The Agriculture sector is a high priority for Myanmar. Agriculture contributes 30 percent of national GDP and about 68 percent of rural population relies on crop husbandry and livestock for their livelihoods and incomes. MAGRI focus The agricultural development strategy responds to the need of the consolidation and integration of various plans, strategies, roadmaps, and approaches; and to coordinate activities, projects, programs, and policies with various stakeholders.

စိုက်ပျိုးရေး ကဏ္ဍ

MAGri သည် ပိုမိုအကျိုးဖြစ်ထွန်းပြီး လုံခြုံစိတ်ချရ၍ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ဖွံ့ဖြိုးသော စိုက်ပျိုးရေးကို ဖန်တီးဖော်ဆောင်ရန်အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုနည်းလမ်းများကို ပိုမိုကောင်းမွန်အောင် တည်ထောင်လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် စာသုံးသူများ၏ ကျန်းမာရေး အန္တရာယ်လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာ ယိုယွင်းဆုတ်ယုတ်ပျက်စီးမှုကို လျှော့ချရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုနည်းလမ်းများသည် အသက်သွေးကြောတမျှအရေးကြီးပါသည်။ စိုက်ပျိုးရေး ကဏ္ဍသည် မြန်မာနိုင်ငံအတွက် ဦးစားပေးမြင့်မားသည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထွက်ကုန် (GDP) တွင် စိုက်ပျိုးရေးသည် ၃၀ ရာခိုင်နှုန်းပါဝင်နေပြီး ကျေးလက်ဒေသနေ လူဦးရေ၏ ၆၈ ရာခိုင်နှုန်းခန့်သည် ယင်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတို့အတွက် သီးနှံစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးတို့အပေါ် မှီခိုနေကြရပါသည်။ အမျိုးမျိုးသော စီမံကိန်းများ၊ မဟာဗျူဟာများ၊ လမ်းပြမြေပုံများ၊ ချဉ်းကပ်ပုံနည်းလမ်းများအား စုစည်းပေါင်းစပ်ရန်လိုအပ်မှု၊ အမျိုးမျိုးသော နှီးနွှယ်ပါဝင်ဆက်စပ်သူများနှင့်အတူတကွ လုပ်ငန်းဆောင်တာများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များနှင့် မူဝါဒများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်မှုတို့အား တုန့်ပြန်ကိုင်တွယ်‌ဖြေရှင်းသည့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို အလေးထားစူးစိုက် ဆောင်ရွက်မည်ဖြစ်သည်။