Profile

Full Name of Organization Myanmar Agriculture Network
Abbreviation MAGri
Month/Year Of Establish 2016, Dec
Total Members  
Address Room(A-8), Bldg (138-B1), New University Avenue Road, Sayar San Ward, Bahan Township, Yangon
Email [email protected]
Website www.myanmaragri.net
Main Sectors
  • Agriculture Sector
  • Cross Cutting Sector
    • Environmental Conservation and Protection
    • Water Resources Management
    • Community Forest and Forest Facility
    • Livelihoods for Environment

 

Background History

A Brief History of MAGri ( MAGri ၏သမိုင်းအကျဉ်း)

Myanmar Agriculture Network is a network of NGOs and CBOs initiated by Swanyee Group in Dec 2016 participation with Ashoka Social Development  Association, Thirst-Aid, Rhodopendron Integrated Development, Myanmar Consumer Union, Nan Oo Teaching & National Youth Development Organization, Myo-Khame Development Organization and CBOs in various locations in myanmar.

မြန်မာ့စိုက်ပျိုးရေးကွန်ယက် (Myanmar Agriculture Network) သည် စွမ်းရည်အဖွဲ့မှ ကမကထပြုဦးဆောင်မှုဖြင့် အာသောက လူမှုဖွံ့ဖြိုးရေးအသင်း (Ashoka Social Development Association)၊ Thirst Aid၊ Rhodopendron Integrated Development၊ မြန်မာစားသုံးသူများ သမဂ္ဂ (Myanmar Consumer Union)၊  Nan Oo Teaching & National Youth Development Organization၊ မြို-ခမီ ဖွံ့ဖြိုးရေးအဖွဲ့ (Myo-Khame Development Organization)နှင့် မြန်မာနိုင်ငံတွင်းရှိ အမျိုးမျိုးသော အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လျှက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အစိုးရမဟုတ်သော အကူအညီပေးရေးအဖွဲ့အစည်းများ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CBOs)၏ ကွန်ယက်တစ်ခုဖြစ်ပါသည်။

Main Sectors (အဓိက ကဏ္ဍများ)

  1. Agriculture Sector (စိုက်ပျိုးရေး ကဏ္ဍ)
  2. Cross Cutting Sector (အပြန်အလှန်ဆက်နွှယ်မှု ကဏ္ဍ)
    • Environmental Conservation and Protection
      သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး
    • Water Resources Management
      ရေသယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှု
    • Community Forest and Forest Facility
      ရပ်ရွာအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းနှင့် သစ်တောအသွင်ပီပြင်ရေးပံ့ပိုးမှု
    • Livelihoods for Environment
      သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း

Vision

Shaping the future agriculture system of improving the livelihoods of small holder farmers by building partnerships for sustainable agriculture and food security through good agriculture practices.

ဦးတည်ရည်မှန်းချက်

ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုနည်းနာများအားဖြင့် ရေရှည်စဉ်ဆက်မပြတ်တည်တံ့ဖွံ့ ဖြိုးသော စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှုတို့အတွက် မိတ်ဘက်ဆောင်ရွက်မှု တည်ဆောက်၍ လယ်မြေဧက အနည်းအကျဉ်းသာ ပိုင်ဆိုင်သည့် အသေးစားလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများတိုးတက် ကောင်းမွန်လာစေမည့် အနာဂါတ် စိုက်ပျိုးရေးစနစ်ကို ပုံလောင်းတည်ဆောက်ရန်။

Mission

  1. Assist the communities in crisis or chronic distress especially for the poor and vulnerable
  2. Provide soft and hard infrastructures and other necessary assistances for self-reliant basis in the agriculture sector and the cross-cutting areas
  3. Build capacities for the good agriculture practices to care for natural resources and climate change adaption for sustainable agriculture
  4. Care gender balance as the critical cross cutting issue and dealing with PSEA for social values
  5. Equitable partnership for the sustainable agricultural development.

လုပ်ငန်းတာဝန်

အကြပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသော သို့မဟုတ် ကာလတာရှည် စိုးရိမ်သောကခံစားနေရသော ရပ်ရွာလူမှု အသိုက်အဝန်းများ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်ခံရလွယ်သူများအား အကူအညီပေးရန်။

၁။ စိုက်ပျိုးရေး ကဏ္ဍနှင့် အပြန်အလှန်ဆက်နွှယ်မှုရှိသည့် နယ်ပယ်များတွင် ကိုယ့်အားကိုယ်ကိုး အခြေခံအတွက် အပျော့ထည် နှင့် အမာထည် အခြေခံအဆောက်အဦးများ၊ အခြားလိုအပ်သော အကူအညီအထောက်အပံ့များ ဖြည့်ဆည်းပံ့ပိုးပေးခြင်း။
၂။ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ဖွံ့ဖြိုးသော စိုက်ပျိုးရေးအတွက် သဘာဝသယံဇာတရင်းမြစ်များကို ဂရုတစိုက် အသုံးချရန်နှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေလက်ခံကျင့်သုံးနိုင်ရန် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုနည်းနာများအတွက် စွမ်းရည်တည်ဆောက်ခြင်း။
၃။ အလွန်အရေးပါသည့် အပြန်အလှန်ဆက်နွှယ်မှု ကိစ္စရပ်တစ်ခုအနေဖြင့် ကျား-မ မျှတမှုကို အရေးပေးဂရုပြုခြင်းနှင့် လူမှုတန်ဘိုးများအတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် စော်ကားမှုအား ကာကွယ်ခြင်းဆိုင်ရာ (PSEA) ကိစ္စရပ် များအား ကိုင်တွယ်ဖြေရှင်းခြင်း။
၄။ ရေရှည်စဉ်ဆက်မပြတ် တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တန်းတူညီမျှရှိသော မိတ်ဘက်ဆောင်
ရွက်ခြင်း။