Environmental Conservation and Protection

MAGri is building natural resources back better to create a more productive, safe and sustainable environment. Mangrove is vital role to reduce disaster risk by restoring environmental services of flood mitigation. The mangrove forest cover most of the coastal areas in Myanmar, in some areas where these forests have been managed on a sustainable basis, the mangroves played a key role in reducing disaster and the impacts on livelihoods. MAGri aims to ensure sustainable use of natural resources and promote environmentally sound practices. MAGri believes environmental protection is one of the primary objectives in seeking sustainable development.

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး

MAGri သည် ပိုမိုအကျိုးဖြစ်ထွန်းပြီး လုံခြုံစိတ်ချရ၍ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ဖွံ့ဖြိုးသော သဘာဝပတ်ဝန်း ကျင်ကို ဖန်တီးဖော်ဆောင်ရန်အတွက် ပိုမိုကောင်းမွန်သော သဘာဝသယံဇာတရင်းမြစ်များအား ပြန်လည်တည် ဆောက်မည်ဖြစ်သည်။ ရေလွှမ်းမိုးမှု လျော့ပါးသက်သာစေရေးဆိုင်ရာ သဘာဝအစီအမံများ ပြန်လည်ဖော်ထုတ်ရာတွင် ဒီရေတောများသည် သဘာဝဘေးအန္တရာယ် လျှော့ချရေးအတွက် အသက်သွေးကြောတမျှ အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသအများစုတွင် ဒီရေတောများ ပေါက်ရောက်ဖုံးလွှမ်းလျှက် ရှိပြီး အဆိုပါ သစ်တောများအား ရေရှည်စဉ်ဆက်မပြတ် တည်တံ့ဖွံ့ဖြိုးသော အခြေခံဖြင့် စီမံခန့်ခွဲလုပ်ကိုင်လျှက်ရှိ သည့် အချို့နေရာများတွင် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်သက်ရောက်မှုလျှော့ချရေးတို့၌ ဒီရေတောများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ MAGri သည် သဘာဝသယံဇာတရင်းမြစ်များအား ရေရှည်တည်တံ့သည့် အသုံးပြုမှုမျိုးဖြင့် သေချာစွာ သုံးစွဲကြစေရန်နှင့် သဘာ ဝပတ်ဝန်းကျင်နှင့် ဆီလျော်ကိုက်ညီသည့် ခိုင်မာရေရာသော လက်တွေ့ကျင့်သုံးမှုနည်းလမ်းများကို အားပေးမြှင့် တင်ရန် ရည်ရွယ်ပါသည်။ ရေရှည်စဉ်ဆက်မပြတ်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေဖော်ထုတ်ရာတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးသည် မူလအခြေခံရည်မှန်းချက်များအနက်မှ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း MAGri အနေဖြင့် ယုံကြည်ပါသည်။