Livelihoods for Environment

Livelihoods activities are integral component of other programs, with stronger emphasis on food insecurity, income generating, CMC and so on. MAGri emphasizes to increase availability and access to improve livelihoods opportunities among the most vulnerable population, and to improve social and policy environment for enhancing livelihood opportunities and capacities of poor communities, through empowering the communities for best practices concerned with environment and livelihoods. Most of the families in Myanmar rely heavily on agriculture and forestry products as primary sources of forest livelihoods. MAGri aims to increase food production through forest, growing crops and fruit tree and livelihood projects where livestock are raised. Home Gardening with seasonal crops and perennial crops. Agriculture and forest based Agro-forestation to improve food security as well as biodiversity conservation.

သဘာဝပတ်ဝန်းကျင်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်တာများသည် စားနပ်ရိက္ခာလုံခြုံမှု၊ ဝင်ငွေတိုး၊ CMC စသည်တို့အပေါ် ပိုမို ခိုင်မာအားကောင်းသော စူးစိုက်မှုနှင့်အတူ အခြားသော လုပ်ငန်းအစီအစဉ်များ၏ ပူးတွဲအစိတ်အပိုင်းများ ဖြစ်ကြ ပါသည်။ MAGriသည် သဘာဝပတ်ဝန်းကျင်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့နှင့် သက်ဆိုင်သော အကောင်းဆုံး လက်တွေ့ကျင့်သုံးမှုနည်းလမ်းများအား ရပ်ရွာလူမှုအသိုက်အဝန်းများအနေဖြင့် လိုက်နာလုပ်ဆောင်နိုင်စေရန် လုပ်ပိုင် ခွင့်ပေးခြင်းအားဖြင့် ထိခိုက်ခံရအလွယ်ဆုံးသောသူများအကြား အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ပိုမိုတိုး တက်ကောင်းမွန်လာစေရန်၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ကြွယ်ဝတိုးတက်လာစေရေးအတွက် လူမှုရေး နှင့် မူဝါဒ ဝန်းကျင်များ တိုးတက်ကောင်းမွန်လာစေရန်တို့ကို အလေးအနက်ထားပါသည်။ မြန်မာနိုင်ငံတွင် မိသားစု အများစုသည် မူလအခြေခံ အသက်မွေးဝမ်းကျောင်းဇာစ်မြစ်အနေဖြင့် စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်းများ အပေါ် အလွန်အကျွံ မှီခိုအားထားနေကြရပါသည်။ MAGri အနေဖြင့် မွေးမြူရေးတိရစ္ဆာန်များ မွေးမြူသည့်နေရာ များတွင် သစ်တောစိုက်ခင်းများ ပျိုးထောင်ခြင်း၊ သီးနှံများနှင့် သစ်သီးဝလံပင်များစိုက်ပျိုးခြင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း စီမံချက်များ ဖော်ဆောင်ခြင်းတို့အားဖြင့် စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်လာစေရန် ရည်ရွယ် ထားပါသည်။ စားနပ်ရိက္ခာလုံခြုံမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှုတို့ တိုးတက်ကောင်းမွန်လာစေရန်အတွက် ရာသီ အလိုက် သီးနှံများ၊ နှစ်ရှည်ပင်များနှင့်အတူ အိမ်ဝန်းကျင်ဥယျာဉ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနှင့် သစ်တောအခြေခံ လယ်ယာသီးနှံ-သစ်တောပေါင်းစပ် လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။